Netguide Journal နှင့် ဆရာဦးအောင်မျိုးတို့၏ interview မူရင်း

    “အခုလို ပွင့်လင်းမြင်သာတဲ့ ခေတ်ကို ရောက်လာပြီဆိုတော့ နိုင်ငံခြားကနည်းပညာကုမ္ပဏီတွေ ကျွန်တော်တို့ နိုင်ငံကိုအလုံးလိုက် အရင်းလိုက် လာရောက် ရင်းနှီးမြှပ်နှံကြတော့မှာပါ။ တချို့ကုမ္ပဏီတွေဆို ရောက်တောင်ရောက်နှင့် နေကြပါပြီ။ အဲဒါဟာ ဒီကလူငယ် ပညာရှင်တွေအတွက်တော့ တန်ဖိုးမဖြတ်နိုင်တဲ့ အခွင့်အရေးတစ်ရပ်ပါပဲ။ ဒါပေမယ့် အဲဒီအခွင့်အရေးကိုပိုင်ပိုင်နိုင်နိုင် ဆုပ်ကိုင်နိုင်ဖို့ ဆိုရင်တော့ ကိုယ့်အတတ်ပညာကို ခိုင်မာအောင် လေ့လာကြိုးစားထားဖို့ လိုပါတယ်။ အဲလိုမှ မဟုတ်ရင်တော့ ကိုယ်ရမယ့် အခွင့်အရေးကို တခြားနိုင်ငံကလူတွေကို ‘ ရော့…အင့်’ ဆိုပြီးပေးလိုက်ရမှာအသေအချာပါပဲ…”

 

NETPRO Myanmar Networking Academy ကိုတည်ထောင်သူဆရာဦးအောင်မျိုး နှင့် တွေ့ဆုံခြင်း

 

Q -        ဆရာ ဒီသင်တန်းကျောင်းကိုစပြီးတည်ထောင်ဖြစ်ခဲ့ပုံလေး။

A -   ကျွန်တော့်ရဲ့ မွေးရာပါ ၀ါသနာ ဗီဇတစ်ခုလို့ပဲပြောရမှာပေါ့။ ငယ်ငယ်ကတည်းကကိုယ် တခုခုကို လေ့လာတတ်မြောက်ပြီးပြီဆိုရင် တခြားသိချင်တဲ့ လူတစ်ယောက်ကို ပြန် Share ရတာ ၀ါသနာ ပါတယ်ဗျ။ အလယ်တန်း၊ အထက်တန်းတွေမှာ အတန်းဖော် သူငယ်ချင်းတွေကို ကျွန်တော်အမြဲ စာရှင်းပြရသလို ဆယ်တန်းစာမေးပွဲကို ဂုဏ်ထူးသုံးဘာသာနဲ့ အောင်ပြီးတဲ့ နောက်မှာလည်း ဆယ်တန်း Guide လုပ်ခဲ့ပါတယ်။ ကွန်ပျူတာတက္ကသိုလ်တက်နေတဲ့ ကာလတလျှောက်လုံး အခုညီငယ် ညီမငယ် တွေကိုလက်ဆင့်ကမ်းသင်ကြားပေးနေတဲ့ Networking နည်းပညာတွေ၊ သူနဲ့ဆက်စပ်နေတဲ့ နည်းပညာတွေကိုလေ့လာခဲ့ပါတယ်။ အတိုင်းအတာတစ်ခုထိလေ့လာတတ်မြောက်ပြီးတဲ့  နောက်မှာတော့ ကိုယ်သိထားတဲ့ Knowledge တွေကိုမသိသေးတဲ့ ညီငယ် ညီမငယ်တွေကို ပြန်လည် လက်ဆင့်ကမ်းရင်း ကိုယ်မသိသေးတဲ့နည်းပညာအသစ်တွေကိုလေ့လာရင်း Teaching လောကထဲကို ရောက်လာပါတယ်။ ဒါဟာဒီသင်တန်းကျောင်းဖွင့်ဖြစ်တဲ့ အခြေခံအကြောင်းအရင်းတွေပဲပေါ့။

 

Q -        Network ဘာသာရပ်ကို လေ့လာဖို့ အခြေခံ လိုအပ်ချက် တွေကို သိပါရစေ…

A -        Network ဘာသာရပ် ကိုတကယ် တတ်ကျွမ်းလေ့လာချင်တယ်ဆိုရင်တော့ အခြေခံ Foundation ဖြစ်တဲ့ ICT Basic Course, System Engineering ဒါမှမဟုတ် A+ က အရေးကြီးပါတယ်။ အဲဒီဘာသာရပ်တွေကို လေ့လာပြီး မှ Network ဘာသာရပ်ကို လေ့လာသင့်ပါတယ်။ Network ဘာသာရပ်မှာ Server ပိုင်းတွေ Security ပိုင်းတွေ Infrastructure ပိုင်းတွေ Design ပိုင်းတွေ အကုန်ပါဝင်ပါတယ်။ အဲဒီအပေါ်အခြေခံပြီးတော့ ကိုယ်ဝါသနာပါရာ Professional လမ်းကြောင်းများကို ရွေးချယ်သင့်ပါတယ်။ ဥပမာ CompTIA Network Plus ဘာသာရပ်ကိုလေ့လာပြီးရင် Cisco, Juniper, Microsoft တို့လို Vendor Networking Branch တွေဖြစ်တဲ့ Security, Design, Wireless, Routing, Switching, Storage ဆိုပြီး ကိုယ်ဝါသနာပါရာ ဆက်လေ့လာသွားရမယ်လို့ ဆိုလိုတာဗျ။

 

Q -     NETPRO Myanmar သင်တန်းကျောင်းမှာ Cisco Networking ရော Juniper Networking ပါ သင်ကြားပေးတယ်လို့ သိရပါတယ်။ အဲဒီလိုမတူကွဲပြားတဲ့ Networking Devices တွေကို ကျွမ်းကျွမ်းကျင်ကျင် Handle လုပ်နိုင်ဖို့ ကျောင်းသားတွေကိုဆရာဘယ်လို Teaching Method တွေ နဲ့ သင်ကြားပေးပါသလဲ…။

A -        မတူကွဲပြားတဲ့ Networking Devices တွေကို ကျွမ်းကျွမ်းကျင်ကျင် Handle လုပ်နိုင်အောင် ကျောင်းသားတွေကိုသင်ပေးဖို့အတွက် Teaching Method တွေ အမျိုးမျိုး လိုက်ပြောင်းသင်နေစရာ မလိုပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ Networking Device တွေက Brand တွေ Vendor တွေသာပြောင်းလဲသွားတာ၊ Core Concept ကတော့ အတူတူပဲဗျ။ Concept မိထားတဲ့ လူတစ်ယောက် အဖို့တော့ Cisco, Juniper, ZTE, Huawei ဘယ်လိုပဲ ကွဲပြားခြားနားပါစေ… သူ့အတွက် ဘာမှ ထူးမသွားပါဘူး။ အဓိက က Concept သိဖို့ပါပဲ။ Concept သိဖို့ ဆိုရင်တော့ Network နည်းပညာမှ မဟုတ်ပါဘူး။ ဘယ်နည်းပညာပဲသင်သင် စဉ်းစားတွေးခေါ်မှု (Thinking) က အဓိကကျတယ် မဟုတ်လား။ ဥပမာ Cisco Networking Concept ကိုသဘောပေါက် နားလည်ဖို့ဆိုရင် သင်ယူတဲ့ ကျောင်းသားရဲ့ Thinking Power ပေါ်လိုက်ပြီး အချိန်ကာလတစ်ခုပေးရတယ်ဗျ။ အဲ့ဒီအချိန်အတိုင်းအတာက ခြောက်လ လည်းဖြစ်နိုင်သလို တစ်နှစ် တစ်နှစ်ခွဲ လောက်လည်း ကြာနိုင်တာပဲ။ တစ်လလောက်နဲ့လည်း တတ်ချင်တတ်သွားနိုင်တာပဲလေ။ ဒါပေမယ့် ဘာ Concept မှ မလိုဘူး။ Cisco လက်မှတ်ရချင်တယ်၊ စာမေးပွဲအောင်ပြီးရောဆိုရင်တော့………ကျွန်တော်ထင်ပါတယ် Cisco မေးခွန်းတွေ ဖြေတတ်အောင်ပဲသင်ပေးလိုက်…နှစ်ပတ် သုံးပတ် ထက် မပိုပါဘူး။ အမှတ် ၁၀၀၀ အပြည့်တောင် ရကောင်းရနိုင်ပါလိမ့်မယ်။ ကျွန်တော်ကတော့ Cisco ပဲသင်သင် Juniper ပဲသင်သင် ကျောင်းသားတွေ Concept မိအောင် သူတို့ရဲ့ Thinking ကို Stimulate လုပ်တဲ့ Method ကိုသုံးပါတယ်။ ကျောင်းသားတွေကို Command အကြောင်းတစ်ရာလောက် အလွတ်ကျက်ခိုင်းပြီး တဖြောင်းဖြောင်းရိုက်ခိုင်းတာထက်စာရင် Command တစ်ကြောင်းပဲရရ နှစ်ကြောင်းပဲရရ ဘာအတွက်ကြောင့် ရိုက်ရတယ်ဆိုတဲ့ Concept ကို သိသွားဖို့ပဲ အဓိကထားသင်ကြားပေးပါတယ်။

 

Q -        ဆရာမွေးထုတ်ပေးလိုက်တဲ့ ကျောင်းသားတွေထဲမှာ Cisco ကျောင်းသားချည်းပဲတင် အယောက် ၁၀၀၀ လောက် ရှိတယ်လို့ သိရပါတယ်။ အဲ့ဒီကျောင်းသားတွေ အားလုံးကကော လုပ်ငန်းခွင်ဝင်နိုင်တဲ့အဆင့် လူတွေချည်းပဲလား…။

A -   ကျွန်တော်တို့ ယုံကြည် ကိုးကွယ် ဆည်းကပ်တဲ့ ဂေါတမ မြတ်စွာဘုရားရဲ့တရားတော်ကို တိုက်ရိုက်နာကြားခွင့်ရတဲ့ ပုဂ္ဂိုလ်တိုင်း သောတပန်တို့ အနာဂါမ်တို့ ဖြစ်ကုန်ကြတာ မဟုတ်ဘူးလေ။ ပါရမီအနုအရင့်ပေါ်လိုက်ပြီး ဖြစ်သင့်ဖြစ်ထိုက်တဲ့ လူပုဂ္ဂိုလ်တွေပဲ သောတပန်တို့  အနာဂါမ်တို့ ဖြစ်ကြတာမဟုတ်လား။ ကျွန်တော့်လို ဥာဏ်လေးတစ်ထွာတစ်မိုက်လောက်ရှိတဲ့ သာမန်လူတစ်ယောက်အဖို့ ကျောင်းသားအယောက်တစ်ရာကို စာသင်ရင် ကျောင်းသားအယောက်တစ်ရာလုံး ဒေါင်ဒေါင်မြည် တတ်မြောက်သွားဖို့ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ပြီးတော့ သင်တန်းလာတက်တဲ့ ကျောင်းသားတိုင်းကလဲ ဥာဏ်ပညာတူ၊ အတွေ့အကြုံတူ၊ လေ့လာဆည်းပူးကြတဲ့ အားချင်းလဲ တူကြတာမှ မဟုတ်တာ။ ကျွန်တော်ကလည်း အယောက်တစ်ရာသင်ရင် အယောက်တစ်ရာလုံး ကျွမ်းကျင်တတ်မြောက်သွားလိမ့်မယ်လို့ အစကတည်းက တွေးမထားခဲ့ပါဘူး။ ဒါပေမယ့် အားလုံးနီးပါး ဒေါင်ဒေါင်မြည်တတ်မြောက်သွားအောင်လို့တော့ ကျွန်တော်ကိုယ်စွမ်း ဥာဏ်စွမ်းရှိသမျှ အစွမ်းကုန်သင်ကြားပေးပါတယ်။ တချို့အခြေခံသိပ်မကောင်းတဲ့ ကျောင်းသားတွေဆိုရင် သင်တန်းကာလတစ်ခုတည်းနဲ့ သဘောမပေါက်နိုင်ကြဘူးဗျ၊ အဲဒီ့လိုကျောင်းသားမျိုးတွေဆိုရင် တခြားအမျိုးအစားတူသင်တန်းချိန်တွေမှာ အကြိမ်အရေအတွက် အကန့်အသတ်မရှိ  ပြန်တက်ခွင့်ပေးတယ်။  တချို့ဆို သင်တန်းဆင်းသွားပြီး တစ်နှစ် နှစ်နှစ်လောက်ကြာမှ စာတွေမေ့သွားလို့ဆိုပြီး ပြန်လာတက်တဲ့ကျောင်းသားတွေလည်း ဒုနဲ့ဒေးပဲ။ အဲဒီလိုနည်းနဲ့ ကျွန်တော့်ဆီမှာ နှစ်ချီသွားတဲ့ ကျောင်းသားတွေရှိသလို တစ်ကြိမ်တည်းနဲ့ Cisco စာမေးပွဲကို ရမှတ် ၁၀၀၀ အပြည့်ရတဲ့ ကျောင်းသားတွေလည်း ကျွန်တော့်ဆီမှာ အမြောက်အမြားရှိပါတယ်။ တကယ်လို့ ကျွန်တော့်အာဘော်နဲ့ မကိုက်တဲ့ ကျောင်းသားတွေဆိုရင် နှစ်ပတ်အတွင်း ငွေပြန်အမ်းပြီး တစ်ခြားသူသင့်တော်တယ်ထင်တဲ့ သင်တန်းတွေကို ရွေးချယ်ခွင့် ပေးပါတယ်။

Q -        ဆရာ့သင်တန်းကျောင်းမှာ အသုံးပြုတဲ့ သင်ထောက်ကူပြု ပစ္စည်းတွေကိုသိပါရစေ…။

A -       Core Networking Devices တွေ ဖြစ်တဲ့ Cisco Router, Cisco Switch , Juniper Firewall, Cisco PIX Firewall ,F5 Core Switch, VOIP Card, Wireless Devices တွေဖြစ်တဲ့ Cisco Aironet, Ubiquti, MikroTik, Networking Tools တွေဖြစ်တဲ့ Crimper, Patch Down Tool, Patch Panel, Fiber Accessories, Fujitsu Rack, တွေကို ကျောင်းသားဦးရေနဲ့ ညီမျှအောင် ထားရှိပေးထားပါတယ်။ သင်တန်းကျောင်းမှာ Lab လုပ်ရတာအားမရတဲ့ အချို့ကျောင်းသားတွေအတွက်လည်း အိမ်မှာစိတ်အေးလက်အေးနဲ့ လေ့ကျင့်လို့ရအောင် အထက်ပါ ပစ္စည်းတွေကို တစ်ပတ်တန်သည် နှစ်ပတ်တန်သည်အထိ ငှားရမ်းခွင့်ပေးပါတယ်။

 

Q-        NETPRO Myanmar မှာသင်တဲ့ ဘာသာရပ်တိုင်းကိုဆရာကိုယ်တိုင် သင်တာလား

A-    ရှိသမျှဘာသာရပ်တိုင်းကိုတော့ ကျွန်တော်ကိုယ်တိုင် မသင်ပါဘူး။ ကျွန်တော်ကတော့ Cisco, Juniper, VMware, N+ စတာတွေကို သင်တန်းပြီးဆုံးသည်အထိ ကိုယ်တိုင်ကိုယ်ကျ တစ်ယောက်တည်းပဲ သင်ပါတယ်။ အခြားဘာသာရပ်များကိုတော့ ကျွန်တော်ကိုယ်တိုင် လေ့ကျင့်သင်ကြားပေးထားတဲ့ ဆရာတွေဆရာမတွေက သင်ကြားပေးပါတယ်။ လက်ထောက်ဆရာတွေ  ဘာတွေလည်း ကျွန်တော့်ဆီမှာ မရှိပါဘူး။

 

Q -        NETPRO Myanmar သင်တန်းကျောင်းရဲ့ အဓိက Trend က ဘာလဲ….။

A -        ကျွန်တော်က Business Man မဟုတ်ပါဘူး။ Technician ပါ။ အဲဒီတော့ ကျွန်တော်တည်ထောင်ထားတဲ့ သင်တန်းကျောင်းကိုလည်း ဘယ်တော့မှ Business Trend ဘက်ကိုဦးတည်ဖို့ စိတ်ကူးမရှိပါဘူး။ ညီငယ်၊ ညီမငယ်တွေကို လက်တွေ့လုပ်ငန်းခွင်မှာ အမှန်တကယ် အသုံးဝင်တဲ့ ၊ အသုံးဝင်လာနိုင်တဲ့ Technical Trend ဘက်ကိုသာ အဓိကဦးတည်ထားတယ်ဗျ။ အဲဒါကြောင့်ပဲ လက်ရှိလုပ်ငန်းခွင်မှာ Essential နည်းပညာတွေဖြစ်လာတဲ့ Virtualization, VOIP, Security, Advanced Wireless နည်းပညာတွေနဲ့ သက်ဆိုင်ရာ Exam တွေ ကို တိုးချဲ့ဖွင့်လှစ် သင်ကြားပေးနေပါတယ်။

 

Q -        NETPRO Myanmar သင်တန်းကျောင်းက Business Trend ကိုဦးတည်ပြီးဖွင့်ထားတာမဟုတ်ဘူးဆိုတော့ သင်တန်းတက်ရောက်ဖို့ ငွေကြေးအခက်အခဲရှိနေတဲ့ ကျောင်းသားတွေကိုကော အခမဲ့ပညာဒါနသင်ကြားပေးဖို့ အစီအစဉ် ရှိပါသလား…။

A -     ကျွန်တော့်သင်တန်းကျောင်းလေးက ငွေကြေးအကျိုးအမြတ်များစွာရနေတဲ့ သင်တန်းကျောင်းလေးတော့ မဟုတ်ဘူးဗျ။ အဲဒီတော့ အခက်အခဲရှိတဲ့ ကျောင်းသားတွေအားလုံးအတွက် ပညာဒါနတော့ သီးသန့်မသင်ကြားပေးနိုင်သေးပါဘူး။ ဒါပေမယ့် တစ်ချိန်ချိန်မှာတော့ ကျိန်းသေ သင်ကြားဖြစ်မှာပါ။ အခုလည်းကိုယ့်ပတ်ဝန်းကျင် အနီးအနားက ငွေကြေးအခက်အခဲရှိတဲ့ ညီငယ်၊ ညီမငယ်လေးတွေကို အခမဲ့  သင်ကြားပေးနေတာတွေတော့ အများကြီးရှိပါတယ်။ ဒါက ကျွန်တော်လက်လှမ်းမှီသလောက် ကူညီတာပေါ့။ တခြားက CCNA Exam ဖြေဖို့ ငွေကြေးအခက်အခဲရှိတဲ့ ကျောင်းသားတွေအတွက်လည်း ကျွန်တော့်မှာ အစီအစဉ် တစ်ခုတော့ရှိပါတယ်။ အဲဒါကတော့ ကျွန်တော်ကိုယ်တိုင် ထုတ်ထားတဲ့ CCNA Exam မေးခွန်းတွေကို အရင်ဖြေရပါမယ်။ အောင်တဲ့သူတွေကို ကျွန်တော် ဖန်တီးထားတဲ့ CCNA Challenge Lab ကိုလုပ်ခိုင်းပြီးပထမရတဲ့ ကျောင်းသားကို CCNA Exam Fees ကိုချီးမြှင့်ပေးမယ့် အပြင် CCNP Route (642-902) သင်တန်းကိုလည်းအခမဲ့ တက်ရောက်ခွင့်ရရှိမှာ ဖြစ်ပါတယ်။ ၀င်ရောက်ယှဉ်ပြိုင်တဲ့ ကျောင်းသားတွေဟာ ငွေကြေးတစ်ပြားတစ်ချပ်မှ ပေးစရာမလိုတဲ့အပြင် NETPRO Myanmar သင်တန်းကျောင်းရဲ့ သင်တန်းသားလည်း ဖြစ်လို့မရပါဘူး။ ကျွန်တော့်သင်တန်းကမဟုတ်တဲ့ ညီငယ်၊ ညီမငယ်တွေအတွက် သီးသန့်ပြိုင်ပွဲလေးတစ်ခု ဖြစ်ပါတယ်။ ကျွန်တော့်သင်တန်းသားတွေအတွက်လည်း သီးသန့်စီစဉ်ထားပါတယ်။

 

Q -        ကျောင်းသားတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းကကော…။

A -  အဲဒါကတော့ ကိုယ့်ရဲ့ Professional အတတ်ပညာကိုအသုံးပြုပုံအပေါ်မှာမူတည်တယ်ဗျ။ Internet Café တို့ Game ဆိုင်တို့ Computer ဆယ့်လေးငါးလုံးလောက်ကို Network ချိတ်ဆက်ပေးတာတို့လောက်နဲ့တင် ကျေနပ်တင်းတိမ် နေရင်တော့ သူတို့အတွက် အလုပ်အကိုင် အခွင့်အလမ်းနယ်ပယ်လေးဟာ ကျဉ်းမြောင်းနေပါလိမ့်မယ်။ တကယ်တော့ Cisco Device တွေ Juniper Devices တွေဆိုတာ ISP တွေ၊ Telecom တွေ Data Center တွေနဲ့ တကယ့် Core Network တွေမှာအသုံးပြုကြတာလေ။ ကိုယ်ကအဲဒီအသိအမှတ်ပြုလက်မှတ်တွေ ရပြီးသွားပြီဆိုမှတော့ဖြင့် ကိုယ်ကျွမ်းကျင်ရာ Network Devices တွေ ရှိရာဆီကိုပဲ ရှေ့ဆက်တိုးသင့်တာပေါ့။ ကမ္ဘာ့ Pay Standard တွေထဲမှာ Chemical Engineer တွေပြီးရင် IT Engineer တွေက ဒုတိယလစာအများဆုံးပဲဗျ။ အခုလက်ရှိ စင်္ကာပူမှာဆိုရင် CCNA လက်မှတ်ရတဲ့ လူကဒေါ်လာ ၂၀၀၀ လောက်တော့ အနည်းဆုံးရကြပါတယ်။ ချွင်းချက်အနေနဲ့ Cisco  လက်မှတ်တွေရပေမယ့် နိုင်ငံရပ်ခြားမှာအလုပ်သွားလျောက်လို့ အလုပ်မရတဲ့ လူတွေလည်း  ရှိပါတယ်။ အဲဒီလူတွေကကိုယ့်ရဲ့ Professional အတတ်ပညာကိုမကျွမ်းကျင်ကြလို့ မဟုတ်ဘဲ ကိုယ်ဘယ်လောက် တတ်ကျွမ်းကြောင်းကို English ဘာသာစကားနဲ့ Presentation ကောင်းကောင်းမလုပ်တတ်ကြလို့ အလုပ်မရကြတာလို့ပဲ ကျွန်တော် ထင်ပါတယ်။ အဓိကပြောချင်တာကတော့ ရည်ရွယ်ချက် ကြီးကြီးမားမားနဲ့ ကိုယ့်ရဲ့ Professional အတတ်ပညာကိုသင့်တော်တဲ့ နေရာမှာအသုံးချရင်တော့ အလုပ်အကိုင်အခွင့်အလမ်းကောင်းတွေဆိုတာကိုယ့်ရဲ့လက်တစ်ကမ်းမှာပါ..။

 

Q -        ဆရာဖြည့်စွက် ပြောချင်တာလေးများရှိရင်…။

A -        ကျွန်တော်က IT Trainer တစ်ယောက်ဖြစ်လို့ လူငယ်တွေအားလုံးကို ဒီနည်းပညာလေ့လာကြပါလို့တော့ အတင်းမတိုက်တွန်းချင်ပါဘူး။ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာ ကဏ္ဏပေါင်းစုံ နယ်ပယ်ပေါင်းစုံက အသိပညာရှင်တွေ အတတ်ပညာရှင်တွေ လိုအပ်တာပဲလေ။ ဒါပေမဲ့ IT Technology ဟာနှစ်အပိုင်းအခြားအနည်းအငယ်အတွင်း ငွေကုန်ကြေးကျသက်သာစွာနဲ့ အတတ်ပညာရှင်တစ်ယောက် ဖြစ်နိုင်တဲ့အတွက်ကြောင့် နည်းပညာဝါသနာပါတဲ့ လူငယ်တွေအတွက် သင့်တော်ပါတယ်။ ပြီးတော့ နိုင်ငံတကာမှာ ရေပန်းစားအသုံးပြုနေတဲ့ နည်းပညာရပ်တစ်ခုကို လေ့လာသင်ယူခြင်းဟာ ကိုယ်ကျိုးစီးပွားနည်းစေတဲ့ ကိစ္စမဟုတ်တာတော့ သေချာပါတယ်….လို့ပဲပြောပါရစေ။

Contact Us

Address:Room 2011, Building A, Pin Lon Htate Htar Condo,

No.256, Pansodan Street(Upper Block), Kyauktada Township, Yangon 11182, Myanmar.

Tel: 01-398110, 095113346 , 09448009449

Email: info@netpromyanmar.com

Website: www.netpromyanmar.com